Aug 8, 2007

Waso Full Moon Day

‘ထူးမြတ်ဝါဆို’
(လေးချိုးသဖြန်)

၁။ ရိပ်ကြီးခို ယောဂီငါးပါး၊
နာကြားရ ဓမ္မစကြာ။ ။
မြတ်ဗုဒ္ဓာ တရားဦး၊
ထူးမြတ်လှစွာ။ ။
ဝန္နာတော ‘မိဂဓါ’၊
ကြွမြန်းခါ ဟောကြား။ ။
လေးပါးသစ္စာ၊ အများဝေနေယျာတို့၊
သံသရာ လွတ်ပါစေဖို့၊ ‘အမတာ’ ရပါစေလို့၊
ဘဂ၀ါညွှန်းဆိုပြုတယ်၊
သောင်းထုညွှတ်တွား။ ။

၂။ သည်နှစ်ခါ ၀ါဆိုဦး၊
ပန်းခူးကြ မောင်နဲ့မေ။ ။
မြတ်နိဗ္ဗာန် မျှော်ရည်မှန်း၊
လှူဒါန်းစို့လေ။ ။
မရောက်တာ ကြာပြီ … ဆွေ
မွေးရပ်မြေစခန်း။ ။
ဪ … “ခုချိန်များ … မှာဖြင့်၊
သဒ္ဓါတရား ထက်သန်စွာနဲ့၊
စုပေါင်းကာ ဒါနပြုပါလို့၊
မြတ်ကုသိုလ် ပေးဝေမျှ … တယ်၊၊”
တမ်း … တ … ကာ … လွမ်း။ ။
( ဝေးခဲ့ရသော ၀ါဆိုပွဲများသို့ … )
( ခင်မောင်ကြီး )


No comments: